Wherever we are the only place we call home is ARAKAN.

Friday, September 25, 2009

ရခိုင်







ရခိုင်ကဗျာ စစ်တမ်း

အနီးအကမ်း၊ အဝီးအလှမ်း၊ အမြည်းအစမ်း(၁)

နိဒါန်း
“ကဗျာကျောက်တောင်နံရံကြီးက
အကျွန့်အထက်မာ ထီးထီးမားမား စီးမိုးထား
အကျွန်ကား သူ့အောက်နား
မုန်လာရွက်လိုက်ကောင်ခူး
ကြောက်ဒူးတုန်ဖို့ ကောင်းရေအဖြစ်”
John Keats (1795-1821)

ရိုးမတောင်ကြီးကို အကျွန်မော်ကြည့်လိုက်တေ။ တိမ်နာင့်တောင်ခိုးအုံ့ဆိုင်းမှိုင်းရီ။ ဝီဝီဝါးဝါးတောင်ထိပ်မဟီ၊ အကျွန်က တောင်ခြီမာ မှိုဟင်းခူးနီရ။ အပါးက တောင်ပူစာ ချေတစ်လုံးထက်တက်ပျာ လှမ်းကြည့်ရေ။ မျှော်လင့်ချက်တိ တထွီးတသီးနာင့်။ မြင်ကွင်းက မှုန်မှုန်ရီရီ။ တောင်ပူစာချေထက်က ဆင်းပျာကြည့်ခါမှ တောင်ပူစာက တောင်ပူစာမဟုတ်။ အုတ်ပုံကို ညောင်ပင်ကြီးမျိုထားလို့ နှစ်ချီပျာ တောင်ပူစာချေပိုင်ဖြစ်နီစွာ။

အကျွန့်ရင်မှာ စူးစူးယှယှခံစားလိုက်ရရေ။
အင်း……..ထပ်တူဗျာယေ။
ရခိုင်ကဗျာတောင်ကြီးကို လှမ်းမျှော်ကြည့်ကေ ရင်မောရေ။ ရခိုင်စာပီသမိုင်း မဟိသီး။ ရခိုင်ကဗျာသမိုင်း ဝီလာဝီး။ အကျွန့်ရို့က ရခိုင်ကဗျာစစ်တမ်းတစောင်ရီးချင်စွာ။ ပစ်မှတ်မဟိဘဲ ပစ်ရဖို့ပုံမျိုး။ ပစ်မှတ်မဟိလား ဟိရေ။ ထင်းထင်းပြက်ပြက်မမြင်ရ။ ယေဇုနာင့် ပစ်ဖို့လက်ကမဝံ့မရဲ။ ပစ်ချိန်တန်လို့မပစ်လိုက်ရ။ အခါနှောင်းမှ ထွက်လာရေ အေစစ်တမ်းကို “ရခိုင်ကဗျာစစ်တမ်း“ အစား ”ရခိုင်ကဗျာစစ်တမ်း (အနီးအကမ်း၊ အဝီးအလှမ်း၊ အမြည်းအစမ်း)” လို့ရာ….ခေါ်လိုက်ရရေ။ နားလည်ပီးပါ။

၁။ ဂန္တဝင်စာပီ
၁း၁ အပြောက အယင်၊ အရီးကနောက်
”အသံ” ရေဘာသာစကားဧ့ အခြီခံဖြစ်ပါရေ။ ယင်းအသံတိကို သင်္ကေတပြုလို့ပြောကတ်ဆိုကတ် ဆက်သွယ်ကတ်တေ။ ယေဇုနာင့် ဘာသာစကားကို အသံသင်္ကေတစနစ် (System of Vocal Symbols) လို့ ဆိုကတ်တေ။
အသံသင်္ကေတမာ အဓိပ္ပါယ်ဟိရေ။ ယင်းအဓိပ္ပါယ်ကို လူ့အဖွဲ့အစည်းတခုရေ နှစ်ပရိစ္ဆေဒ အကြာကြီး ညှိနှိုင်းတည်ဆောက်ယူခရရေ။ လိုအပ်ချက်အရ စကားသံကိုအခြီခံပျာ အက္ခရာကို မှာဖွေကတ်တေ။ အရီးဘာသာစကား (Written Language) ကိုထွင်လာကတ်တေ။
အပြန်အလှန်နားလည်ခြင်း၊ အဓိပ္ပါယ်ဟိခြင်း၊ အဓိပ္ပါယ်သိခြင်းရေ အပြော၊ အရီးဘာသာဧ့ အဓိကလိုအပ်ချက်ဖြစ်တေအတွက် အသုံးပြုဖြစ်စိုဉ် (Process) တလျှောက်လုံး ယင်းဘာသာစကားရေ ဖွံ့ဖြိုးတိုးတက်ဆန်းသစ်နီရေ။ ယေဒါလေ့ လောကဓမ္မနိယာမကို ကျော်လို့မရ။ အချိန်ကာလ၊ နီရာဌါနကိုလိုက်ပြီးကေ (၁) အသံပြောင်းမူ (၂) အသံထွက်ပြောင်းမူ (၃) အဓိပ္ပါယ်ပြောင်းမူ (၄) သဒ္ဒါပြောင်းမူဟိရေ။ အပြောဘာသာစကားရေ အရီးဘာသာစကားထက်ပိုစောရေ။ အပြောဘာသာစကားကမူလ၊ အရီးဘာသာ စကားက တစ်ဆင့်ခံဖြစ်တေ။
ခွင့်လွတ်ပါ။ အေပိုင် ”ရက္ခယေမှ မဏ္ဏိုင်လေ” လို့ပြည်တည်နီစွာက အကျွန့်ရို့စာပီသမားတိရင်မှာ ခုလုခုလု တင်နီရေ (၁) ဒေသအလိုက် စကားသံကွဲမူ (၂)စကားသံကွဲမူကို အခြီခံပျာဖြစ်နီရေ သတ်ပုံပြဿနာ (၃) ဖြစ်စိုဉ်ကိုမျက်ခြီပြတ်တေ အလိုက်သင့်အမြင်မှားမူတိနာင့် စွန့်လွှတ်ရဖို့စွာကို နှမြောတသဖြစ်ပျာ မျှိုးလိုက်နီရေ အသီကောင်ထက်က ဇကန်းပိုင် ကြုံရရေအဖြစ်မျိုးခံစားရစွာကို အယိုင်းသင့်ရေခါ ဆွေးနွေးနိုင်အောင်လို့ပြောနီရစွာ ဖြစ်ပါရေ။

၁း၂ ရခိုင်ဘာသာစကား၊ ရခိုင်စာပီ
မြန်မာစကား၊ မြန်မာစာပီ

ရခိုင်မာ AD (၄) ရာစု ဝေသာလီကျောက်လှီကား (AD ၃၃၀-၉၅၇) ကပင်စာအရီးအသား ဟိနီခပါပျာ။ (U San Tha Aung: Arakanese Script: Its Origin and Evolution)။ လေးမြို့ခေတ် (AD ၉၅၇-၁၄၃၀) မာ ရက္ခဝဏ္ဏအက္ခရာနာင့် စာရီးကတ်ခရေ။ အေနိ ရခိုင်စကားအတိုင်းပြောကတ်တေလို့ဆိုပါရေ။
လေးမြို့ခေတ်ကျောက်စာ နာင့် ပုဂံခေတ် ကျောက်စာရို့ကို နှိုင်းကြည့်ပျာ သုတေသီမစ္စတာတေလာက အေပိုင်ဆိုပါရေ။
”ရခိုင်ဘာသာရေ မြန်မာဘာသာနာင့် အသံထွက်အများကြီးခြားနားမူဟိကြောင်း ရခိုင်စကားကပိုမို ရှိကျပြီးကေ စကားသံနာင့် စာလုံးပေါင်းရို့ ပိုမိုဆီလျော်မူဟိကြောင်း၊ လွန်ခရေ နှစ်ပေါင်းတစ်ထောင်ခန့်က ဘာသာစကားကိုအက္ခရာတင်ရီးသားခြင်းမပြုခင်က ရခိုင်စကားသံရေ မြန်မာ (ဗမာ) စကားသံနာင့် ဆင်တူလိမ့်မေလို့ ထင်မြင်ရကြောင်း (L.F. Taylar: The Dialect of Burmese) စာတမ်းမှာဆိုပါရေ။ ဆရာကြီး (ဦး) မောင်စံဖော်ကလေ့သော့ယင်းအဆိုကိုထောက်ခံပျာ ”အကျွန်ရို့ပါးမာ မြောက်ဦးခေတ်နာင့် ရိုးမအရှိဖက်က အင်းဝခေတ်၊ တောင်ငူခေတ်ရို့ရေ ခေတ်ပြိုင်တိ ဖြစ်ကတ်ပါရေ။ ယင်းအချိန်မှာပေါ်ပေါက်ခရေ ရခိုင်စာဆို၊ ဗမာစာဆိုတိနာင့် ရှင်ဘုရင် အချင်းချင်း ပါးကတ္တေ သဝဏ်လွှာရို့ကိုကြည့်ကေ ဂန္တဝင်မြန်မာစာရေ ရခိုင်၊ ဗမာ နှစ်တိုင်စလုံး အသုံးပြုရေစာ ဖြစ်ကြောင်းတွိရပါရေ။ စာလုံးပေါင်းကျခါ အဓိပ္ပါယ်တူစကားလုံးရို့ကို အသံထွက်မူ တူဒါလေ့ အတူစာလုံးပေါင်းကတ်ပါရေ။ အသံထွက်မတူဆိုစွာက ဗျည်းစကားသံနာင့် သရစကားသံရို့ကို ထုတ်လုပ်ပုံ မတူလို့ဖြစ်ပါရေ” လို့တူစွာမတူစွာကို စိစစ်ပြပါရေ။ (မောင်စံဖော် ရခိုင်စကားသံနာင့် စာလုံးပေါင်း)
ဒေပြဿနာတိရေ လွန်ခရေ နှစ်ပေါင်း (၅၀) လောက်ကပင်ဖြစ်နီရေ ပြဿနာပါ။ မူလအစကိုဆွဲထုတ်ကေ လွန်ခရေ နှစ်ပေါင်း (၁၉၀-၂၀၀) လောက်က စတင်ဖြစ်လာရေ ပြဿနာလို့ အတတ်ပြောနိုင်ပါရေ။ ၁၉၅၅-၅၆ ခုနှစ်မာ ဘာသာဗေဒပညာရှင် ဦးတင်လှက ”ရခိုင်လူမျိုးတို့၌ မွန်လူမျိုး၊ ရှမ်းလူမျိုးတို့ကဲ့သို့ စာပေအရေးအသား သီးခြားမရှိတော့ပေ။ မြန်မာအက္ခရာများကို အသုံးပြု၍ မြန်မာစာအရေးအသားအတိုင်းပင် ရေးသားနေကြသည်။ ဖတ်သောအခါ ပြောသောအခါတွင်သာ ရခိုင်အသံဖြင့်ဖတ်ကြ၊ ပြောကြခြင်းဖြစ်သည်” လို့ပြောလှာပါရေ။ (ဦးတင်လှ၊ ရခိုင်သံဆောင်းပါး၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ ၁၉၅၅-၁၉၅၆)။
ဇာပင်ပြောပြော ယင်းထောက်ပြချက်ကပင် အကျွန်ရို့ကို တပ်လှန့်နှိုးလိုက်စွာဖြစ်ပြီးကေ ပြောင်းလဲမှုဖြစ်စိုဉ်ကို အမြင်သစ်နာင့်ပြန်ပျာ ချိုဉ်းကပ်အဖြေထုတ်ဖို့၊ မှန်ကန်ရေအမျိုးသားရေလုပ်နည်းလုပ်ဟန်နာင့် လမ်းသစ်ကိုလျှောက်ကတ်ဖို့လိုအပ်နီပျာဆိုစွာ မီးမောင်းထိုးပြ လိုက်စွာလို့ခံယူပါရေ။ ဦးတင်လှ မတိုင်ခင် (၁၈၁၁) ခုနှစ်ကပင် သုတေသီ (J.Leyden) ကယင်းပြဿနာနာင့် ပတ်သက်ပြီးကေ အေပိုင်ပြောပါရေ။
“The Rukheng race is admitted to be of the same racial stock as the Burmas or Birmans, and is understood to have greatly preceded that nation in civilization. The Burmas, indeed, derive their own origin from the Rukheng, whom they generally dominate Burma Kyi, or the great Barmas, and they consider the Rukheng as the most ancient and original dialect of the Burma Language.” (Leyden. J: On the language and Literature of the Indo-China Nations) ASIATIC RESEARCHERS, Vol. X, 1811)
ယှင်းနီပါရေ။ ရခိုင်ဆိုက ဇာ၊ မြန်မာဆိုစွာက ဇာ၊ ဇာကရှီးကျရေ မူလရင်းမြစ်ဘာသာစကားဖြစ်တေဆိုစွာ သုတေသီ ဂျေ့လီ(ယ်)ဒန် (J.Leyden) ရေ ရခိုင်၊ မြန်မာ ကျောက်စာတိအရ (to judge by the spelling of the oldest stone inscriptions) ပြောစွာဖြစ်ပါရေ။
သုတေသီ ဂျေလီ(ယ်) ဒန်ပြောစွာ ဟုတ်မဟုတ်လက်လှမ်းမီရေ ရှီးကျောက်စာတိကို စိကေကြည့်ပါမေ။
ရှိ/ဟိ။ ။ ရခိုင် “မဟိကြဆိုဝ်၍” (ဘူးတောင်းကွဲ ကျောက်စာ၊ ၁၄၅၂ အေဒီ)၊
”ဥစ္စာဟိလျက်” (ဗုဒ္ဓဂါယာ၊ မဟာဗောဓိ ကျောက်စာ၊ ၁၂၉၅ အေဒီ)၊
”ငါနာင့်တူသူလူတွင်မဟိ” (လောင်းကြက်တောင်မော်ကျောက်စာ၊ ၁၁၂၃ အေဒီ)၊

မြန်မာ ”အချင်းချင်းအမျက်တစိမဟိ” (သိင်္ဃသူ့သမီးကျောက်စာ ၁၂၆၆ အေဒီ)၊
”မြက်နုရိယ်ကြည်ဟိရာ” (အစောလတ်မောင်နှံကျောက်စာ ၁၂၇၀ အေဒီ)

ယင်းကိုထောက်ကေ လေးမြို့ခေတ်နာင့် ပုဂံခေတ်ရို့ မာ ရခိုင်နာင့်မြန်မာရေ ”ဟိ” ကိုအတူတူ သုံးခကတ်တေ။ ရခိုင်က ဂုထိဆက်သုံးရေ။ မြန်မာက အဂု ”ဟိ” အစား ”ရှိ” အသံထွက်ယှိ) လို့ ပြောင်းသုံးစွာကိုတွိရပါရေ။

စာရေး/စာရီး ။ ။ ရခိုင်တိ ဂုထိစာရီး (စာရွီး) လို့ပြောဆိုနီကတ်တေပိုင် ပုဂံခေတ်မာလေ့ စာရီးလို့ပင်ပြောကတ်ပါရေ။ ”နိဒါန်းဇာလေတစ်က္လမ်ရိဧ” (နိဒါန်းစာလေ့ တစ်ကျမ်းရီဧ့) (ပေါ်တော်မူဘုရားကျောက်စာ၊ ခုနှစ်မသိ)၊ စာရိယ်သောသုကြွယ်” (စာရီးသောသူကြွယ်) (ငါမ် ငကျည်သင်ကျောက်စာ၊ မြန်မာ ၅၁၃-ခု)

ပုဂံခေတ်က ကျောက်စာတိမာ ရခိုင်အသံထွက်နာင့် ရခိုင်စာလုံးပေါင်းတိ မကန်မကန်တွိရပါရေ။ ပုဂံမှာရခိုင်တိနီကတ်လီလာလို့ ထင်ရပါရေ။ ယေကေလေ့စကားလုံးအသုံးအနှုန်းတူရုံလောက် နာင့်တူရေလို့ပြောလို့မရပါ။ သဒ္ဒါဗေဒဆိုင်ရာ ရူဒေါင့်စုံက စိစစ်သုံးသပ်ဆုံးဖြတ်ရဖို့ ဟိပါသီးရေ။ အေစစ်တမ်းနာင့် မဆိုင်လို့ရပ်ကတ်ပါမေ။

ပုဂံကျောက်စာ ရခိုင်အသံထွက်
က္ကယ်ရှုပ်ပုရှာကာ (အေရွှီဘုရားကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
အဖူရစိယ် (ဖူးရစီ) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
ပီယဧအ် (ပီးဧ့) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
သြက်မိရအာ (အောက်မိရကား) (မြစေတီကျောက်စာ၊ မြန်မာ-၄၇၄)
သက်သိယ် (သက်သီ) (စခီပုနာကျောက်စာ၊ ၅၃၀)
ကြီမုံ (ကြီးမုံ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉)
လှူခသော (လှူခသော) (ငါပေါင်သင်ကျောက်စာ၊ ၅၃၇)
စာတီ (စာတီ) (သူဌေးမုခ်ဂူဘုရား၊ ၅၅၉)
ဟုတ္တေ (ဟုတ်တေ) (ဇမ္ဗူရာဇိဘုရား၊ ၅၅၈)
ရိယ်ကန်ရိယ်တွင်တန်ထာ (ရီကန်ရီတွင်းတန်ထား) (သင်ကြီးညောင်ခုပ်၊ ၅၆၉)
ကြိယ်ဆိမီတိုင် (ကြီးဆီမီးတိုင်) (ပုဂံပြတိုက် အမှတ် ၈၂၊ ၅၇၃)

ပုဂံခေတ် မြန်မာအက္ခရာနာင့် အစောဆုံးတွိရရေ ”မြစေတီကျောက်စာ (ခ) ရာဇာကုမာရကျောက်စာ (၄၇၄-ခု) ထက် လေးမြို့ခေတ်မာတွိရမျှ ကျောက်စာတိအရ ”မင်းရင်းဖြူဆင်းတုဓမ္မခံစာ” (၁၀၉-ခု)က နှစ်ပေါင်း (၃၆၅) နှစ်စောပါရေ။ ”နန်းကျားမတ်တပ်ရပ်တောင်မူဘုရားပလ္လင်စာ” (၄၅၁-ခု) နှစ်ပေါင်း (၂၃) နှစ်စောပါရေ။ ”ဘူးကွဲတောင်ဘုရားကျောက်စာ” (၄၅၂-ခု) က (၂၂) နှစ်စောပါရေ။
ပုံဂံခေတ် (AD ၁၀၄၄-၁၂၈၇) နာင့် လေးမြို့ခေတ် (AD 957-1430) ကခေတ်ပြိုင်ပါ။ လေးမြို့ခေတ် အသံထွက်နာင့် စာလုံးပေါင်းတိကို စာရှည်လတ်မေလို့မတင်ပြပါယာ။ (ရှိဟောင်းကျောက်စာနာင့်သမိုင်းပညာသျှင် ဦးဦးသာထွန်း စီစိုဉ်ရေ ”ရှေးဟောင်းရခိုင် ကျောက်စာများ” မာကြည့်နိုင်ပါရေ)
အေပိုင်တင်ပြနီရစွာက ဘုံသုံးစာရေ ဇာသူ့စာလေ။ ဇာပိုင်ဘုံသုံးဖြစ်လာလေဆိုစွာ ခြီရာကောက်နိုင်စီဖို့ပါ။ သုတေသီဂျေလီ(ယ်)ဒန်ဧ့ကောက်ချက် ဟုတ်မဟုတ်ဆန်းစစ်ပြီးကေ အကျွန်ရို့ဖာသာ အကျွန်ရို့ စိတ်သန့်သန့်နာင့် နှလုံးဒုံးဒုံးချပျာ ရှိခရီးဆက်ဖို့လိုပါရေ။အေမာအရေးကြီးရေ အချက်တချက်က အကျွန်ရို့ ဘိုးဘီးဘီဘင်ပညာသျှင်ရို့ ရီးခရေစာတိစွာ အဂုခေတ်ပြောစကားနာင့် စာလုံးပေါင်းနာင့် ပြောင်းရွိတတ်တေ နိယာမအရစိကေ စီးလီယောင်ထင်ရကေလေ့ အကျွန်ရို့ကိုပိုင် စာတိပင်ဖြစ်တေဆိုရေ အချက်ကို လက်ခံနိုင်ကတ်ဖို့ ထင်ပါရေ။ ယင်းအချိန်က ဇာပြဿနာ လဲမဟိခပါ။ ခေတ်တိက ပြောင်းလဲလားခ ပါယာ။ နှစ်ပေါင်း (၂၀၀) ကျော်ကြာရေကာလမာ အကျွန်ရို့စကားသံတိရေ မိမစစ်၊ ဖမစစ်ဖြစ်လာရပါရေ။ ဘာသာစကားဧ့ နိယာမအရပြောင်းလဲရွိလျောလာရေသဘောထက် ပိုထူးရေလို့ပြောနိုင်ဖို့ထင်ပါရေ။
ဂျပန်ဘာသာဗေဒပညာသျှင် ”မီကိုကာအိုဆာဟီတို” က ”အချေတိရာမိခင်ဘာသာစကား ကိုမပြောကေ ဘာသာစကားဧ့ ရှင်သန်နိုင်မူရေ ပျက်သုဉ်းလားရေ” လို့ဆိုပါရေ။ မိခင်ဘာသာစကား ရှာယူသိုမှီခြင်း (Native Language Acquisition) အယူအဆကို ပါမောက္ခ အိုဆာဟီတိုက တင်ပြစွာ ဖြစ်ပါရေ။ သူ့အဆိုအရ အချေတိရေ မိခင်စကားကိုရှာယူသိုမှီးရရေ။ ယင်းရှာယူသိုမှီးရေဖြစ်စိုဉ် ရပ်လခစွာနာင့် မိခင်ဘာသာစကားဧ့ ကူးဆက်မူမှာ ကွင်းဆက် (Chain of Transmission) ပြတ်တောက်လားခယာ” လို့ဆိုပါရေ။ဂျာမန်ဘာသာဗေဒ ပညာသျှင် ပါမောက္ခ မိုက်ကယ်အီခရောစ့်က ကမ္ဘာမှာပြောနီကတ်တေ ဘာသာစကားပေါင်း (၆၇၆၀)ဟိရေ။ ၂၁၀၀ ပြည့်နှစ်မာ (၃၀၀) လောက်ရာ အသက်ရှင်ကျန်ခဖို့လို့ တွက်ပြပါရေ။ (မောင်စူးစမ်း၊ ဘာသာစကား၊ သက်ရှိဝန်းကျင်ဖွဲ့စည်းပုံယိုင်လဲခြင်း၊ နွယ်နီမဂ္ဂဇင်း၊ ဧပြီ)။
အဂု ဘင်္ဂလားဒေ့ရှ်မာနီရေ ရခိုင်တိရေ ဒေအဖြစ်ဆိုးကိုကြုံနီကတ်ပါရေ။ ယင်းရခိုင်ပြီးကေ ဒေက ရခိုင်လာပါဖို့။ ယေကေ အကျွန်ရို့ဇာလုပ်ကတ်ဖို့လဲ။ တစ်နည်းရာဟိပါရေ။ ဘုံစာကိုဖတ်ပျာ အသီကောင်ထက်က ဇကန်းပိုင် မျှောလိုက်မနီဘဲ ရခိုင်အပြောအခြီခံရေ ရခိုင်စာဆန်းသစ်လာရေး ကြိုးစားလုပ်ဆောင်ကတ်ရပါဖို့။ရခိုင်စာပီ ဆန်းသစ်ဖွံ့ဖြိုးစီချင်ကေ အကျွန်ရို့အားထုတ်မူသစ် (New Endeavour) တိလုပ်နိုင်ရပါဖို့။ အားထုတ်မူသစ်တိကို အတိတ်၊ ပစ္စုပ္ပုန်၊ အနာဂတ်ကာလ သုံးပါးအတွက် ဖြန့်ကြက်ဆောင်ရွက်ရပါဖို့။ အေမာ မျက်မှောက်စာပီသမားတိနာင့် မျိုးဆက်သစ်စာပီသမားတိ အရေးပါပါရေ။ မူလမျိုးမဟိပဲ မျိုးဆက်သစ်မဟိ။ မူလမျိုးဆိုစွာ အတိတ်ကအရင်းအမြစ်ကို ပြောစွာပါ။ အတိတ်က ”မျိုး” ကိုဆက်ခံပျာ ”ဆက်” ပြီးကေ ”သစ်” လားရဖို့စွာပါ။ ယင်းချင့်ကို ”ကြားမပြတ် တေသမိုင်းစိုဉ်” (Historical Continuity) လို့ခေါ်ပါဖို့။အကျွန်ရို့စာပီရေ သိကတ်တေအတိုင်း ကြားပြတ်ခရေ။ ခါးပြတ်ခရေ။ ယေဇုနာင့် ကျီးထောက် ကျီးထောက် (Limp) ဖြစ်နီရေ။ ကြားပြတ်အက်ထဲကို အထွေထွေအပြားပြား အသံတိ၊ စာလုံးပေါင်းတိ၊ အသုံးအနှုန်းတိ၊ ယိုဉ်ကျေးမူတိ စီးဝင်လာရေ။ ပုတ်ကြားကေ နွားချီးဝင်ရေ လို့ပြောနီကတ်တေမလား။
ဘာသာဗေဒဧ့ ပြောင်းလဲတတ်တေ နိယာမသဘောကို ဓမ္မဓိဌာန်ကျကျ ရှုကြည့်လေ့လာမှု (Objective Observation) အားနည်းကေ တစ်စစ မသိမသာပြောင်းလွဲ ဖြစ်ထွန်းလာခြင်း (Evolution) သဘောကို မငုံမိနိုင်ပါ။ ယင်းမငုံမိကေ လွတ်လပ်မှု (Liberty) နာင့် ထိန်းချုပ်မှု (Restraint) သဘောအရ သမူဟဖြစ်စီရေ တိုးတက်ဆန်းသစ်မူ Paradoxically Improvement ကိုဇာပိုင်လက်ခံနိုင်ပါဖို့လဲ။
စကားဆစ်ကျလို့ပြောကြည့်ပါမေ။ အဂု အကျွန်ရို့စာပီသမားတိမာ စာလုံးပေါင်းကွဲစွာကို စာပီနယ်တစ်ခုလုံး ကျုံးပျာ အခြင်းများ ပြဿနာလုပ်နီကတ်စွာတိကို စို့ခပ်ဖို့ကောင်းယောင် တွိနီရပါရေ။ ယင်းချင့်စွာ အေသဘောတိကို ပေါ့ပေါ့ဆဆမိလျော့ကတ်လို့ ဖြစ်ပါရေ။ ”ရွှီ” ဆိုရေစာလုံးပေါင်းရေ ”ရွှီ” ဖြစ်လာဖို့အတွက် ကာလနှစ်ပေါင်း (၁၂၆) နှစ်ကို အရွိရွိဖြတ်သန်းလာခရပါရေ။ သက္ကရာဇ် (၆၅၇)ကရီးထိုးရေ ”မင်းထီးကျောက်စာ” မာ ”ရှယ်ပန်ငုယ်ပန်” လို့ရွီးထိုးခရေ။ သက္ကရာဇ်(၇၈၅) ကရီးထိုးခရေ ”ကျောက်တော်ဘုရားကျောက်စာ” မာကျခါ ”ရွှီလှီရွှီတက်” လို့ စာလုံးပေါင်းပြောင်းလာရေ။ အဂု အကျွန်ရို့က ”ရွှေ” လို့ပြောနီကတ်၊ ပေါင်းနီကတ်ပျာ။ မသိမသာ တရွိရွိပြောင်းလဲတတ်တေသဘောပါ။ ကောင်းစွာလေ့ဟိပါဖို့။ ဆိုးစွာလေ့ဟိပါဖို့။ ဇာပင်ပြောပြော တရွိရွိပြောင်းလဲခြင်း (Evolution) ကိုဇွတ်ပြုခြင်း (Violation) လုပ်ကေ သဘာဝနိယာမတရား (Natural Law) ကိုခေါင်းနာင့်ဝင်ဆောင့်ပိုင် ဟိပါဖို့။ကြိုက်တေဖြစ်စီ၊ မကြိုက်တေဖြစ်စီ ယိုဉ်ကျေးမှုဆိုစွာမာ တည်တံ့ခိုင်မြဲခြင်းသဘောနာင့် ပြောင်းလဲခြင်းသဘောတိ ဒွန်တွဲဟိနီရေ။ ပြောင်းလဲခြင်းဆိုစွာ မာတခါဖောက်ပြန်သွေဖီခြင်းနာင့် တိုးတက်ဆန်းသစ်ခြင်း သဘောဟိနီပါရေ။ ယင်းသဘောတိကို ”ယောနိသောမနသီကာရ “နာင့်” “ဗဟို” တစ်ခုက ဗဟိုမဟိခင် (ရခိုင်ထုတ်မဂ္ဂဇိန်းတိက) ထိန်းချုပ်ပျာ ကောင်းစွာတိကို တည်မြဲအောင်၊ ဆန်းသစ် အောင်ပြုစုပျိုးထောင်လားရဖို့လို့ သဘောရပါရေ။
ချုပ်လိုက်ကေ ရခိုင်အာ (Vocal Organ) ကထွက်တေစကားသံကို ရခိုင်လူ့အဖွဲ့အစည်းက လက်ခံထားရေ အက္ခရာနာင့် သင်္ကေတပြုရီးလိုက်တေစာရေ ရခိုင်စာဖြစ်ပါရေ။ ရခိုင်စကားသံကို ပီသအောင် သင်္ကေတ မပြုနိုင်ရေစာကို ရခိုင်စာလို့ မခေါ်နိုင်ပါ။ “အသံစည်း” ကသူ/ငါ ခွဲပျာ စည်းခြားလိုက်စွာဖြစ်ပါရေ။
(နတ်မြစ်-လှိုင်းပြာ)

စာကိုးစာရင်း
၁။ စန္ခမာလာလင်္ကာရ၊ အသျှင်၊ ရခိုင်ရာဇဝင်သစ်ကျမ်း
၂။ ဦးသာထွန်း၊ ဦး၊ ရှေးဟောင်းရခိုင်ကျောက်စာ
၃။ ရှေးဟောင်းမြန်မာကျောက်စာများ (တွဲ ၁၊ ၂၊ ၄)
၎။ စက္ကိန္ခ၊ အသျှင်၊ ရခိုင်သဘာဝတေးကဗျာများ၊
၅။ ကျော်မင်းထင်၊ ရခိုင်ဘာသာစကားနှင့် ပုဂံခေတ်မြန်မာစာဆက်နွယ်မှု (ကွန်ပျူတာမူ)
၆။ မြန်မာကဗျာစာတမ်းများ၊ စာပေဗိမာန်
ရ။ မြန်မာစာ ညွန့်ပေါင်း (ပတွဲ)
၈။ စံကျော်ထွန်း၊ ရခိုင်ကဗျာနန့် ရခိုင်အတွေးအခေါ်
၉။ စံဖော်၊ မောင်၊ ကဗျာစည်းဝါးနှင့်အခြားဆောင်းပါးများ၊ ရှုမဝမဂ္ဂဇင်း
၁၀။ ခိုင်အောင်၊ မောင်၊ ခေတ်ပြိုင်ရခိုင်ကဗျာဖြစ်ပေါ်မူစာတမ်း (ကွန်ပျူတာမူ)
၁၁။ ထွန်းမြင့်၊ ဦး၊ ဘာသာဗေဒ
၁၂။ ထွန်းရွှေ၊ ဦး၊ ကဗျာစွယ်စုံကျမ်းကြီး
၁၃။ မြဇင်၊ ကဗျာ နရီ နှင့် နိမိတ်ပုံ
၁၄။ သာနို့၊ မောင်၊ ရစ်သင်(မ်) အကြောင်း
၁၅။ တင့်ဆွေ၊ ဦး၊ ကဗျာဖွဲ့နည်းနိသျည်း၊
၁၆။ LITERATURES, VOL. (1) TO (4),
INDIANA TEACHER’S EDITION.
၁၇။ THE JUNIOR CLASSICS (POETRY) VOL. TO,
P.F. COLIER & SON.

www.arakanlanguage.blogspot.com



”ဧ..ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊ မရေနိုင်ဘဲ၊ ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ဝှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊ မဟာသမတ၊ ခတ္ထိယ၏ ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊ နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊ ကျူးပါကလျှင်း”
(ရခိုင်စာဆိုပညာရှင် ဖဒူးမင်းညို)

”ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊
ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊
ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊
မြတ်စာဂနန့်၊
နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊
နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။“
(ဗုဒ္ဓဝင်အလင်္ကာ)

”အမျိုးသီလနှစ်ဌါနကို၊
ပြည့်ဝမဏ္ဍိုင်၊
စောင့်စွမ်းနိုင်သည်၊
ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်
အန္တတ္တသညားခေါ်အပ်ရာတည်း။
(သျှင်နာဂိန္ဒမော်ကွန်း)


ပန်းမြတ်သဇင်

ပန်းမြတ်သဇင် - ပန်းသဇင်
သဇင်ပေါ်စ
နှင်းဝီဝီကေ - နတ်တော်လ။

ပြိုင်းတောင်ကျော်လမ်း
ခမောင်းပင်မှာ - သဇင်ပန်း။

ဆွတ်ခီ ဆွတ်ခီ
မယ်နှမမှာ - သဇင်ပန်းကို
ပန်ရစီ။

နှမပန်သျှင်
ပျိုတိုင်းကြိုက်တေ - ပန်းသဇင်
မယ်ကြင်မောင်ဝေ - တက်လို.ဆွတ်ကေ
ရခရေ။

ပန်းပွင့်သဇင်
မယ့်ဂေါင်းထက်မှာ - လှလို.ပင်။

တဝက်ကိုပန် - တတန်နောင်ကျိုး
မြတ်စိန္တေလေ- ညောင်ရည်အိုးမှာ
အပြည့်ထိုး။

မောင်နှင့်နှမ
သဇင်ပန်းကို - အရင်းတည်
မောင်မယ်နှစ်ဝ
အခါတန် - သင်္ကြန်လမှာ
ပေါင်းရပါစီ။

ဆံတော်သျှင်လေ - စေတီရင်းမှာ
ဆုတောင်းလီလေ - ဆုတောင်းလီ။ ။

(ရခိုင်ကျွှန်းရွာကဗျာ)




2 comments:

  1. ရခိုင်နန်ဗမာ ရို့ပြောရေစကားစွာ တိဗက်မြန်မာအုပ်စုလို့အားလုံးလက်ခံထားကတ်ပါရေ ရီးလာရေခါ သကတနန့်ရွီးရေအတွက် အသံတိပြောင်းလားခပါရေ ဥပမာ စာမာ သွယ်လို့ရေးထားကေ တိဗက်မြန်မာနန့်အသံထွက်ကေ သွီဖြစ်ချင်ဖြစ်ဖို့ သွယ်ဝ်ဖြစ်ချင်ဖြစ်ပါဖို့ သကတနန့်ထွက်ဖို့ဆိုကေ သွယ်ဖြစ်နိုင်ဖို့ထင်ရေကျွန်တော်လေ့အသံမှန်ကိုမရှာရပါသိ။ယင်းအတွက်နန့်အရေးကိုကြည့်ပြီး ဆုံးဖြတ်လို့မရရေပိုင် အသံထွက်တိုင်းလဲ ရေးလို့မဖြစ်ပါသိ ယင်းအတွက်နန့် ထပ်ပြီးစံနစ်တကျလေ့လာဖို့လိုပါရေ။ဗမာစကားနန့်ကွဲံဖို့ဆိုကေ အရီးကိုစပီးအတည်ဖြစ်အောင်လဲလုပ်ဖို့လိုပါရေ ၊ဗမာစာအရီးအသားနန့်အသံထွက်တိမှာလိုအပ်ချက်အမျာားကြီးရှိပါရေ ကျွန်တော်ရို့စံနစ်တစ်ခုတည်ဆောက်နိုင်ကေ ယဉ်ကျေးမှုရှိကိုရောက်ပါဖို့

    ReplyDelete
  2. အကရာနန့်ပတ်သက်လို့ပြောရကေ ခုရေးနီကတ်စွာရေ ဗမာလဲမဟုတ်ရခိုင်လဲမဟုတ်ပါ ဗြာမီပွါးဖြစ်ပါရေ ခုအကရာကိုဆက်သုံးပြီး အရေးအသားစံနစ်ကိုအရင်လုပ်ရပါဖို့

    ReplyDelete